လူတွေ့မေးမြန်းခြင်း (အင်တာဗျူး)အတွက် ပြင်ဆင်ခြင်း

အင်တာ‌ဗျူး (Interview) ဆိုတာ ဘာလဲ ။

အင်တာဗျုးဆိုတာ လူအုပ်စု (သို့) ကုမ္ပဏီတစ်ခုရဲ့ လစ်လပ်နေသော နေရာအတွက် လျှေက်ထားသူတစ်ယောက် အနေနဲ့ ကုမ္ပဏီ နှင့် အံဝင်ခွင်ကျ    ဖြစ်မဖြစ် အကဲဖြတ်ရန်၊ အရည်အချင်းများကို ဆန်းစစ်ရန် ပြုလုပ်သော အစည်းအဝေးတစ်ခု ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

အင်တာဗျူး ဘာကြောင့် လုပ်ရတာလဲ။

လျှောက်ထားသူက အလုပ်အတွက် သင့်လျော်မှုရှိမရှိ ဆုံးဖြတ်ရန်နှင့် ကုမ္ပဏီ ရဲ့  အလေ့အထတွေနဲ့ အံဝင်ဂွင် ဖြစ်မဖြစ် ဆုံးဖြတ် အကဲဖြတ်ရန် ဖြစ်ပါတယ်။

အင်တာဗျူးပုံစံများ။

  • Traditional Interview – မေးမြန်းသူ တစ်ဦးနှင့် ဖြေဆိုသူ တစ်ဦး မျက်နှာချင်းဆိုင် မေးမြန်းခြင်း 
  •  Group Interview – တစ်ချိန်တည်းမှာ တစ်ဦး နှစ်ဦးထက်ပိုသော ဖြေဆိုသူများကိုမေးမြန်းခြင်း 
  •  Panel Interview – မေးမြန်းသူ ၂၊ ၃၊ ၄ ဦးက ဖြေဆိုသူ ၁ ဦးအား မေးမြန်းခြင်း 
  • Video Interview – Online စနစ်သုံး၍ မေးသူတစ်နေရာ ဖြေသူ တစ်နေရာ မေးမြန်းခြင်း

လူတွေ့မေးမြန်းခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ။

  • အင်တာဗျုးသူဘက််က မေးလာနိုင်လာတဲ့ မေးခွန်းများအတွက် ဖြေဆိုနိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။
  • မိမိရဲ့ အားသာချက် အားနည်းချက်များကို သိအောင်လုပ်ထားပါ။
  • မိမိရည်မှန်းချက်က ဘာလဲဆိုတာကို မိမိကိုယ်ကို သေချာမေးမြန်းထားပါ။
  • မေးမြန်းသူအား ပြန်လည်မေးမြန်းရန် မေးခွန်းများ​ ကြိုတင်စဥ်းစားခြင်း။
  • အဖွဲ့အစည်းရဲ့ နောက်ခံအကြောင်းအရာများကို လေ့လာရှာဖွေပါ။
  • အလုပ်လျှောက်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းအမျိုးအစား၊ ရာထူးနေရာ အကြောင်း ကိုလည်း သေချာ ရှင်းပြနိုင်ဖို့ ပြင်ဆင်ပါ။

လူတွေ့မေးမြန်းရာတွင် မေးလေ့ရှိသော မေးခွန်းများ။

  • သင့်အကြောင်းပြောပြပါ။
  • သင်ရဲ့ အားသားချက်/အားနည်းချက်က ဘာလဲ။
  • ဘာကြောင့် ဒီအဖွဲ့အစည်းမှာ အလုပ်လုပ်ချင်တာလဲ။
  • လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ဘာကြောင့် အလုပ်ထွက်ချင်တာလဲ။
  • ခက်ခဲသည့်အခြေအနေတစ်ခုကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ပြောပြပါ။
  • သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်သလဲ။ သင်ရဲ့ ခေါင်းဆောင်မှုအတွေ့အကြုံ အချို့ကို ပြောပြပါ။
  • သင်သည် အလုပ်ခွင်တွင် ကြုံတွေ့ရတတ်သည့် ဖိအားများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။
  • သင့်ရဲ့ မျှော်မှန်းလစာက ဘယ်လောက်လဲ။ စတဲ့ အမေးခွန်းတွေကို ချောမွေ့စွာ ဖြေဆိုနိုင်ရန် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

အင်တာဗျုးမတိုင်မီ လုပ်ဆောင်ရမည့် အချက်များ။

  • နောက်မကျပါစေနှင့်။
  • CV/ Resume ကို သေချာ သိရှိထားပါ။
  • သေချာစွာ ဝတ်စားဆင်ယင်ပါ။
  • ကြိုတင်ပြင်ဆင်ပါ။

အင်တာဗျုးမေးမြန်းနေစဥ် လုပ်ဆောင်ရမည့် အချက်များ။

  • မေးခွန်းများကို ရှင်းလင်းစွာ နားလည်အောင် ပြုလုပ်ပါ။
  • ဥပမာပေးပါ။
  • Eye Contact ြပုလုပ်ပါ။
  • အားသာချက်များကုိ မြင်သာေအာင် ပြသနိုင်ရန် ကြိုးစားပါ။
  • ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်စွာ နေပါ။

အင်တာဗျုးမေးမြန်းနေစဥ် ရှောင်ရှားသင့်သည့် အချက်များ။

  • သင့်ရဲ့လက်ရှိအခြေအနေ (သို့) အရင်က အလုပ်ရှင်၏ မကောင်းကြောင်းကို မပြောမိပါစေနှင့်။
  • သင့်အကြောင်းကို လိမ်ညာမပြောဆိုပါနှင့်။
  • မေးမြန်းသူမှ စကားပြောဆိုနေချိန်တွင် ကြားဖြတ်ပြောဆိုခြင်း မပြုပါနှင့်။
  • ယခင်အလုပ်မှ ထွက်ခဲ့သော အကြောင်းအရင်းအား negative ဆန်ဆန် မဝေဖန်မိပါ​စေနှင့်။
  • လုပ်ခလစာ အကြောင်းအား အင်တာဗျူးမေးသူမှ စပြီး မပြောမချင်း အလောတကြီး မမေးပါစေနှင့်။
  • အမေးတစ်ခွန်း အဖြေတစ်ခွန်းသာ ဖြေဆိုခြင်း မပြုပါနှင့်။

ခုဆိုရင် အင်တာဗျုးအတွက် မရှိမဖြစ် ပြင်ဆင်ရမယ့် အချက်တွေကို သိရှိသွားပြီပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အင်တာဗျုး တစ်ခုကို သွားရတဲ့အခါ ဒီအချက်တွေကို မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။