အိုမီခရွန် ဗီဇပြောင်းမျိုးကွဲကို ယခင် ကိုဗစ်ကာကွယ်ဆေးများဖြင့် ဆက်လက်ကုသနိုင်သဖြင့် စိုးရိမ်ဖွယ်ရာမရှိသော်လည်း ပေါ့ဆ၍ရမည်မဟုတ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြား

ယခုတွေ့ရှိရသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား ကုသရာတွင်လည်း ယခင် ကိုဗစ်-၁၉ မျိုးကွဲများကုသရာတွင် အသုံးပြုသည့် ဆေးဝါး များဖြင့် ဆက်လက်ကုသနိုင်ကြောင်း သိရသဖြင့် စိုးရိမ်ဖွယ်ရာမရှိသော်လည်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယခင်အတိုင်းဆက်လက်ဆောင်ရွက်သွားရန်နှင့် စတင် ဖြစ်ပေါ် ကတည်းက ပင် နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေလ ၂ ရက်တွင်ကျင်းပသော ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်.။