ကိုယ့်အညစ်ကြေးစင်အောင်ဆေး

လောဘအရမ်းကြီးရင်
လူအများရဲ့ ကဲ့ရဲ့ခံရတတ်တယ် ။

ဒေါသအရမ်းကြီးရင်
လူအများရဲ့မုန်းတီးခြင်းခံရမယ် ။

နှမြှောကပ်စီးရင်
လာဘ်လာဘတွေနည်းပါးတယ် ။

မနာလိုစိတ်များရင်
အောင်မြင်မှုတွေ အညွန့်ကျိုးမယ် ။

ကျေးဇူးကန်းရင်
တိုးတက်မှုတွေ ဆုတ်ယုတ်မယ် ။

ကုန်းတိုက် အတင်းပြောရင်
အပေါင်းမိတ်ဆွေ ရှားပါးနိုင်တယ် ။

ဂတိမတည်ဘူးဆိုရင်
ကူညီမယ့်သူတွေ ပျောက်နိုင်တယ် ။

နားလည်မပေးနိုင်ရင်
ပူလောင်မှုတွေ ၀င်လာနိုင်ပါတယ် ။

🙏🙏🙏 သာရဂ ဝေ သီ🙏🙏🙏