နေပြည်တော်မှာ ကျင်းပတဲ့ မြင်းစီးပြိုင်ပွဲ

 

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရေးရည်ရွယ်၍ နေပြည်တော်မှာ၌ (၅၀) ကီလိုမီတာ ခရီးရှည်မြင်းစီးပြိုင်ပွဲတွင် မြင်းနှင့်အားကစားသမား ၂၃ တွဲ ယှဉ်ပြိုင်ခဲ့ပြီး ၁၄ တွဲ အရည်အချင်းစစ်အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

  မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီမှူး၍ FEI One Star Endurance Qualification Round 1 (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီး ပြိုင်ပွဲကို ဩဂုတ် ၂၀ ရက် နံနက်(၆)နာရီတွင် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစား ကွင်း၌ ကျင်းပခဲ့တာ ဖြစ်ပါသည်။