ယီမင်သို့ ပို့ဆောင်မယ့် အီရန် ရိုင်ဖယ်တွေနဲ့ ဒုံးကျည်တွေကို ပြင်သစ် ဖမ်းဆီး

အီရန်နိုင်ငံက လာပြီး ယီမင်နိုင်ငံရှိ ဟိုသီ သူပုန်တွေဆီ ပို့ဆောင်မယ့် ထောင်နဲ့ချီတဲ့ ရိုင်ဖယ်တွေ စက်သေနတ်တွေ သံချပ်ကာဖျက် ဒုံးကျည်တွေကို အိုမန် ပင်လယ်ကွေ့မှာ ပြင်သစ် ရေတပ်က ဇန်နဝါရီလ အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ အရာရှိတွေက ဖေဖော်ဝါရီ ၂ရက်က ပြောကြားပါတယ်။

အီရန်က သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောဆိုထားပေမယ့် အမေရိကန် စစ်တပ်က ဖော်ပြတဲ့ ဓာတ်ပုံတွေက လက်နက်တွေဟာ အီရန်နဲ့ ဆက်နွယ်နေတဲ့ လက်နက်ပေးပို့မှုတွေကို အရင်က အမေရိကန် တပ်တွေ ဖမ်းဆီးရမိခဲ့တာတွေလည်းရှိပါတယ်။