အေဒင်ပင်လယ်ကွေ့ရှိ ဗြိတိန်ရေနံတင်သင်္ဘော မီးလောင်မှုဖြစ်ပွား

United Kingdom Maritime Trade Operations (UKMTO) အေဂျင်စီနှင့် ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey တို့သည် ယီမင်နိုင်ငံ Aden အနီးရှိ ပင်လယ်နီတွင် သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်းနှင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာကို လက်ခံရရှိထားသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

       UKMTO သည် Aden အရှေ့တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာတွင် “သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး မီးလောင်လျက်ရှိသည်” ဟူ သော အစီရင်ခံစာကို လက်ခံရရှိခဲ့ပါသည်။ “သင်္ဘောက အကူအညီတွေ လိုအပ်နေပါတယ်။ အာဏာပိုင်တွေကို အကြောင်း ကြားထားပြီး တုံ့ ပြန်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု UKMTO မှ ထပ်လောင်းပြောကြားခဲ့သည်။

      အေဒင်မြို့ အရှေ့တောင်ဘက် ၅၅ မိုင်အကွာတွင် ကုန်သည်သင်္ဘောတစ်စီး ဒုံးကျည်ထိမှန်ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို သိရှိခဲ့ကြောင်း Ambrey မှ ပြောကြားခဲ့ပါသည်။

    ယီမင်၏ လူဦးရေအများဆုံး အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံမှ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသော ဟူသီအကြမ်းဖက် သမားများသည် ဂါဇာတွင် အစ္စရေး၏ စစ်ဆင် ရေးများကို ဆန့်ကျင်ကြောင်း ၎င်းတို့က ပြောဆိုကာ နိုဝင်ဘာ ၁၉ ရက်ကတည်းက ကူးသန်း ရောင်းဝယ်ရေး ရေယာဉ်များကို ဒရုန်းများ၊ ဒုံး ကျည်များဖြင့် ပစ်ခတ်ပြီး ပေါက်ကွဲမှုများအကြိမ်ကြိမ်ဖြစ်ပေါ်စေခဲ့သည်။

    အေဒင်ပင်လယ်ကွေ့ရှိ ဗြိတိန်ရေနံတင်သင်္ဘော Marlin Luanda ကို ပစ်မှတ်ထား၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေတပ်တပ်ဖွဲ့ဝင်များသည် မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း ဟူသီစစ်တပ်ပြော ရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

     Houthi လှုပ်ရှားမှုသည် နိုင်ငံတကာ သင်္ဘောများကို အလွန်အနှောက်အယှက်ဖြစ်စေခဲ့ပြီး အချို့ကုမ္ပဏီများသည် ပင်လယ်နီကိုဖြတ်၍ ဖြတ်သန်းသွားလာမှုများကို ရပ်ဆိုင်းကာ အာဖရိကတဝိုက်သို့ ခရီးစရိတ်ပိုမိုကုန်ကျ၍ အချိန်ပိုကြာ​မြင့်စေသည်။

       အမေရိကန်နှင့် ဗြိတိန် စစ်လေယာဉ်များ၊ သင်္ဘောများနှင့် ရေငုပ်သင်္ဘောများသည် လက် တုံ့ပြန်သည့်အနေဖြင့် ဟူသီတပ်ဖွဲ့များကို ယီမင်နိုင်ငံအနှံ့ လေ ကြောင်းတိုက်ခိုက်မှု ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့သည်ဟု The Jerusalem Post သတင်းတွင် ဖော်ပြထားသည်။

#PAN