တိုက်ရင်းလေ့ကျင့် လေ့ကျင့်ရင်းတိုက်

ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်စေရန် လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှသာ  တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိနိုင်မည်ဖြစ်ပါတယ်။ လူအင်အား၊ ခေတ်မီလက်နက်အင်အား၊ ဝန်ထမ်း၊ လက်ရုံးအင်အားအပါအဝင်     အင်အားအရပ်ရပ်ကို ဖြည့်ဆည်းရင်း   ခေတ်မီအင်အားတောင့်တင်းသောတပ်မတော်ဖြစ်အောင်   ဆောင်ရွက်လျက်ရှိပါတယ်။ တိုက်စွမ်းရည်/တိုက်စွမ်းအားများ အမြဲပြည့်ဝနေရေးအတွက်ဆို လေ့ကျင့်ယူခြင်းသည်သာ    တစ်ခုတည်းသော စွမ်းဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်သားများ အနေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းနဲ့လည်း စစ်သည်အချင်းချင်း လေ့ကျင့်ပေးပြီး စွမ်းရည်ရှိသော တပ်မတော်တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။