မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး(၁၁)ရှိ ဓမ္မရတီကုန်းတော်ပေါ်တွင် တည်ထား ကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၂၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ နှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းတော်ကြီးလောင်းလှူပွဲကို တပေါင်းလပြည့်နေ့ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြင်ဦးလွ်မြို့နယ် ဩဝါဒဆရာတော်ကြီးများအမှူးပြုသော ပင့်သံဃာတော်(၁၀၈)ပါး ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများနှင့် တပ်မတော်သား မိသားစုဝင်များ၊ ပြင်ဦးလွင်ခရိုင်/ မြိုနယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ၊ ဘုရားကြီးဂေါပကအဖွဲနှင့် ဖိတ်ကြားထားသည့် ဒါယကာ/ဒါယိကာမများ၊ စေတနာရှင် ကုသိုလ်ရှင်များ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ဘာသာရေး ဝတ်အသင်း အဖွဲများ တက်ရောက်ကြပါတယ်။
ဦးစွာ တက်ရောက်လာကြသူ ဧည့်ပရိသတ်များက ဩဝါဒဆရာတော်ကြီးများထံမှ အဆုံးအမ တရားများကို နာယူပြီး လှူဒါန်းမှုများအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထိုနောက် သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ နဝကမ္မ အလှူငွေများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ကုသိုလ်ပြု ဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိပါတယ်။