ကျောက်ဆည်မှာ ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြိုမစျေးကြီးရဲ့ အပြင်ဘက်တိုက်တန်းမှာရှိတဲ့ ဦးသန်းထွန်း+ ဒေါ်ခင်မာရီ ရတနာရွှေဆိုင်နဲ့ ဦးသန်းနိုင်+ မသူဇာဝင်း ရတနာရွှေဆိုင်တို့ကို PDF အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေက ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန့်မှာ ဓားပြတိုက်လုယက်သွားကြကြောင်းသိရပြီး နှစ်ဆိုင်ပေါင်း ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော်ခန့်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားအချို့လည်း ပါသွားကြောင်းသိရပါတယ်။