NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်း

အကြမ်းဖက်ဝါဒ အဓိပ္ပာယ်အား OXFORD အဘိဓာန်မှာတော့ အကြမ်းဖက်ဝါဒ ( terrorism)ဆိုတာ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အရပ်သားတွေအပေါ်မှာ သွေးထွက်သံယိုမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ဉပဒေမဲ့ ကျူးလွန်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
NUG ဆိုတဲ့ အဖွဲ့ဟာ နိုင်ငံရေးအကြပ်အတည်းကြောင့် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ရပ်အသွင် လှုပ်ရှားနေပေမယ့် သူတို့ အဖွဲ့ရဲ့ ဦးတည်ချက်နဲ့ လှုပ်ရှားမှုများဟာ ကမ္ဘာ့နိုင်ငံ အားလုံးက လက်ခံထားတဲ့ အကြမ်းဖက်ဝါဒ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သာမက သဘောတူထားတဲ့ အကြမ်းဖက်လုပ်ရပ် ပုံစံများအတိုင်း လုပ်ဆောင်နေတယ်ဆိုတာ ငြင်းမရနိုင်တဲ့ သက်သေအထောက်အထားများစွာရှိနေပါတယ်။
NUG အဖွဲ့ ဆိုတာဟာ NLD အစိုးရရဲ့ မတော်မတရား အာဏာထပ်ရဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေကြောင့် တပ်မတော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံနှင့် အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ NUG တို့ ဖွဲ့စည်းခဲ့တဲ့ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံ PDF အစွန်းရောက်တွေကအကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့ဝင်တွေက ပြည်ပမှာနေထိုင်ပြီး မြန်မာနိုင်ငံအတွင်းက PDF အကြမ်းဖက်အဖွဲ့တွေကို ငွေးကြေ၊းလက်နက်/ခဲယမ်းတွေကို ထောက်ပံပေးပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ စီမံခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်နေကြပါတယ်။
NUG အကြမ်းဖက်အဖွဲ့ဟာ မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးအောင် အစိုးရမဟုတ်တဲ့ နိုင်ငံတစ်ခုရဲ့ ထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဉပဒေပြင်ပ တရားစီရင်ခြင်း၊ အများပိုင်နေရာများတွင် ဗုံးခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပါတယ်။
ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ NUG ကို အချို့ သော နိုင်ငံကြီးများက ထိတွေ့ ဆက်ဆံထောက်ပံမှုတွေကို  မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ အရေချုံပြီး ရောက်ရှိခိုလှုံနေတဲ့ ဒီလိုအကြမ်းဖက်သမားတွေကို သက်ဆိုင်ရာ အစိုးရတွေကကာကွယ်မှု မပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
ယခုလက်ရှိ NUG/PDF တွေရဲ့ အကြမ်းဖက်မှုပုံစံသစ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေက NUG/PDF အကြမ်းဖက်အဖွဲ့တွေကို အလွန်နာကြည်းမုန်းတီးနေသလို NUG/PDF လို့ ပြောလိုက်တာနဲ့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ်သာ ပြေးမြင်မိကြပါတယ်။
လူတစ်ဦးချင်း ၊ မိသားစုတစ်ဦးချင်းအလိုက် လူမှုဘဝတွေ အေးချမ်းတည်ငြိမ်ဖို့အတွက် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကြောင့် လူသတ်၊ မီးရှို့ နေတဲ့ အနိဋ္ဌာရုံတွေကို မလိုလားတော့ပါဘူး။ NUG/PDF  အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကိုတားဆီးနိုင်ဖို့  နိုင်ငံတကာ ဉပဒေတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်နေချိန် ဖြစ်ပါတယ်။

ဘုရားသားတော်များကိုပါမချန် သတ်ဖြတ်နေမှုများ


အကြမ်းဖက် NUG/PDFများမှပြည်သူများ၏နေအိမ်များအားမီးရှို့နေမှု


PDF များမှ ပြည်သူပိုင်ပစ္စည်းများအားဖျက်စီးနေမှု


အကြမ်းဖက်များမှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှု




ပြည်သူများ၏ ပစ္စည်းများအားမီးရှို့နေမှု


CREDIT.MWD NEWS