မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုသတင်း

၂၀၂၃ခုနှစ် မတ်လ၁၀ရက်နေ့တွင် လခရပူးပေါင်းအဖွဲ့သည် သတင်းအရ တာဆန်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် မိုင်းပန်မြို့ဘက်မှ သံလွင်တံတား(တာဆန်း) ဘက်သို့ စိုင်းခမ်း(ဘ)ဦးအိုက်ရီလုံ၊ ၃၂ နှစ်၊ ၊ မိုင်းဖြတ်မြို့နေသူ မောင်းနှင်လာသော ယာဉ် အမှတ်၊ YGN 7M-2004(Nissan/ပန်းဆီရောင်)၁၂ ဘီးတွဲယာဉ်(လိုင်စင်မဲ့) အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ခေါင်းခန်း၊ ယာဉ်မောင်းထိုင်ခုံနောက်တွင် အဝါရောင် ဆာလာအိတ်ဖြင့်ထုပ်ပိုး၍ ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန် ၃၅၀ ဂရမ်ခန့်စီပါ အထုပ် ၁ ထုပ်စီထည့်ထားသော ဆာလာအိတ် ၅ အိတ်၊ အထုပ် ၆၀ ထုပ်၊ အလေးချိန် ၂၁ ကီလိုဂရမ်ခန့်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၅၂၀ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။