အကြမ်းဖက် PDF ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးဒဏ်ရာရ

ဇွန်လ ၂၆ ရက် နံနက် ၆ နာရီအချိန် ကန့်ဘလူမြို့နယ် ဝက်တိုး(မြောက်)ကျေးရွာနေ ဦးမင်းနိုင်(၄၇)နှစ် နှင့် ဦးအုန်းညွန့် (၅၇) နှစ် တို့သည် ၎င်းတိုပိုင်ဆိုင်သည့် လယ်ကွက်အတွင်းသို့ လယ်ထွန်ရန်အတွက် နွားလှည်း ၂ စီးဖြင့်ထွက်ခွာလာစဉ် လယ်ကွက်အနီးအရောက်၌ PDF အကြမ်း ဖက်အုပ်စု ကထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ဦးမင်းနိုင်၏နွားလှည်းယာဘက်ခြမ်း နွားမှနင်းမိ၍ ပေါက်ကွဲခဲ့သဖြင့် ဦးမင်းနိုင် နှင့် ဦးအုန်းညွန့်တို့မှာ မိုင်းဝထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး နွား ၂ ကောင်မှာ မိုင်းစထိမှန်၍ သေဆုံးခဲ့ကြောင်းသိရပါတယ်။