ကျောက်မြောင်းမြို့ ငါးပန်ချောင်ကျေးရွာ အနီးတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်ခွဲ၊ ကျောက်မြောင်းမြို့နယ် ဟင်္သာဖိုကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းခြင်းများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အဖျက်အမှောင့် လုပ်ဆောင်နေသော PDFများက အဝေးမှ စတင်ရမ်းသန်း ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲဝင်များက Drone ဖြင့် ဗုံးများချိတ်ဆွဲကာ မြေပြင်ဝေဟင်များဖြင့် တန်ပြန် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF များမှာ အထိနာကာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။

ထွက်ပြေးသွားသော PDF များနောက်ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ ငါးပန်ချောင်ကျေးရွာအနီး PDF များ၏

  • အမ်-၂၂ သေနတ် ၁ လက်
  • ကျည်အိမ် ၁ ခု
  • ကျည်ဆံ ၄ တောင့်
  • ဆိုလာဓာတ်မီး(လက်ကိုင်) ၂၀ လက်
  • ထမင်းအိုး ၁ အိုး
  • အမယ်စုံ ၁ အိတ် တို့အား သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။