ငါးပိလိမ္မာချက်လေးရယ်…တို့စရာလေးနဲ့ဆိုရင်ကော

…..ကြိုက်ကြလား
✏ ငါးကြင်း ၁၅ ကျပ်သားကိုပြုတ်ပြီးအသားနွှင်ထားပါ
…..ဆားမနယ်နဲ့တော့နော် ဆနွင်းနဲ့အရသာမှုန့်လေးပဲနယ်မယ်
✏ ငါးရံ့ငါးပိရည်ချို ၁၅ကျပ်သားကို ရေထည့် ဆနွင်းထည့်ပြီး
…..ဆူအောင်တည် အမြှုပ်ခပ်ထုတ်ပြီး အရည်စစ်ယူထားပါ
✏ ကြက်သွန်ဖြူ ၃ လုံး အနီ ၃လုံးကို
…..ဒယ်အိုးထဲဆီထည့် ဆနွင်းထည့်ပြီးဆီသတ်
✏ ငရုတ်သီးစိမ်း ၅ ကျပ်သား ညှပ်ထည့်
…..အစပ်ကြိုက်ရင် ကုလားအော်သီး ၁ တောင့်လောက်ပါညှပ်ထည့်
✏ ငါးပြုတ်နွှင်ထားတာကိုထည့်ပြီး ကြော်ပါ
✏ နောက်ဆုံးမှငပိရည်ကျိုလောင်းထည့်ပြီး
…..အရသာမှုန့်လေးနဲနဲထည့်ပြီး….ဆူလာပြီးဆိုရင်တော့
😋တို့စရာစုံစုံလေးနဲ့စားမှာပေါ့နော်
🙋ငပိရည်ကြိုက်သူတွေအတွက်
🍱ငချက်လေးတစ်ပွဲပါရှင်။