တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းအပြောင်းအလဲများ

ဇူလိုင် ၃ ရက်နေ့ကနေ ယခု ဩဂုတ် ၃ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အခုလိုမျိုး ဆန်ဈေးနှုန်းတွေ တက်နေတာနဲ့ ပတ်သက်ပြီး တည်ငြိမ်စေဖို့အတွက် ဆန်အရန်အိတ် ၅၀,၀၀၀ ကို ထုတ်ရောင်းပေးသွားပါမယ်။ ဒါ့ကြောင့် စားသုံးသူများအနေနဲ့ ဆန်များကို စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းခြင်းမပြုလုပ်ကြဖို့နဲ့ လိုအပ်မှသာ ဝယ်ယူကြစေလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင်လ ၂၈ ရက်နေ့မှာ မေတ္တာရပ်ခံခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့မှာ အကောင်အထည်ဖော်ဖို့အစည်းအဝေးကျင်းပခဲ့ပါတယ်။

အစည်းအဝေးပွဲမှာတော့ “၂၅%အဆင့် (Well Milled, Polished & Sortexed) ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ဆန်အိတ်ရေ ၅၀,၀၀၀ အိတ် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း” ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

 (လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ‘ သီးနှံဈေးနှုန်းများ ‘ ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”