အဖေနဲ့သားမူးယစ်ရာဇာနဲ့ MNDAA အကြမ်းဖက်မူးယစ်ဂိုဏ်းအဖွဲ့

ဆောင်ပါးရှင်ကိုသက်ရဲ့ အဖေ မူးယစ်ရာဇာ၊ သား မူးယစ်ရာဇာနှင့် MNDAA အကြမ်းဖက်မူးယစ်ဂိုဏ်းအဖွဲ့ ဆိုတဲ့ဆောင်းပါးလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

MNDAA အဖွဲဟာ လောက်ကိုင်ကို ၁၀၂၇ စစ်ဆင်ရေး အမည်တပ်ပြီး ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သလဲဆိုတော့ သမိုင်းကြောင်းတွေ ရှိပါတယ်။ အရင်းခံကတော့ ၂၀၀၉ ခုနှစ် (လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်) က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ ရန်လုံ ကျိုင်း၊ စီအော့၊ စီကော်လှံဒေသမှာရှိတဲ့ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် မူးယစ်ရာဇာဂိုဏ်းကို တပ်မတော်က ချေမှုန်းတိုက်ခိုက်ခဲ့ရလို ဆုံးရှုးခဲ့တဲ့ လူမျိုးစု အာဏာပြန်ရဖို နဲ့ မူးယစ် ဆေးဝါးအင်ပါယာကြီးတည်ဆောက်ရန် နယ်မြေရလိုမှုကြောင့်ပဲ ဖြစ်ပါတယ်။

မူးယစ်ဂိုဏ်း MNDAA အဖွဲအကြောင်းကို အကြမ်းဖျဉ်းပြောရမယ်ဆိုရင်နဂို ကတည်းက ဖုန်ကြားရှင်တိုဟာ ဗကပ အောက်မှာ ဘိန်းလုပ်ငန်းကို အဓိကထားလုပ်ကိုင် ခဲ့တဲ့ အဖွဲအဖြစ် နိုင်ငံတကာက သိထားပြီးဖြစ်ပါတယ်။ ဖုန်ကြားရှင် လက်ထက်မှာ ဗကပမှ ခွဲထွက်ပြီး နဝတအစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ အပစ် အခတ်ရပ်စဲခဲ့တဲ့အတွက် ကိုးကန့်ဒေသကိုလည်း ရှမ်းပြည်နယ်အထူးဒေသ(၁)အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးခဲ့ပါတယ်။

ဒီလို အထူးဒေသ(၁) အဖြစ်သတ်မှတ်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားချိန် ဖုန်ကြားရှင်တိုအဖွဲဟာ ငြိမ်းချမ်းရေးယူထားတာကို အခွင့်ကောင်းယူပြီး လောက်ကိုင် ဒေသမှာ မူးယစ်ဆေးဝါးများထုတ်လုပ်ရောင်းချခြင်းနဲ့ လက်နက်ခဲယမ်းထုတ်လုပ်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒီလိုလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းရတဲ့ အတွက် ရပ်တန်းက ရပ်ဖိုပြင်းပြင်းထန်ထန်သတိပေးတားဆီးခဲ့ပါတယ်။ ဒီလို သတိပေးခဲ့ပေမယ့် ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ မူးယစ်ရာဇာ MNDAA အဖွဲဟာ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင်နေတဲ့အပြင် ရဲတပ်ဖွဲဝင်များအား သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း တွေ လုပ်ဆောင်လာတဲ့အတွက် တပ်မတော်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နယ်မြေ ရှင်းလင်း၍ ရဲတပ်ဖွဲဝင်များအား ကယ်ဆယ်ရေးလုပ်ငန်းအစီအမံများချမှတ်ကာ ပြတ်ပြတ် သားသားချေမှုန်းခဲ့ပါတယ်။

တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း MNDAA ရဲ့မူးယစ်ဆေးဝါးလုပ်ကိုင်မှု များကို ဖော်ထုတ်နိုင်ခဲ့လို ဖုန်ကျားရှင်တိုဟာ ဥပဒေဘောင်ပြင်ပကို ရောက်ရှိသွားပြီး လက်နက်ကိုင်‌ သောင်းကျန်းသူဘဝ ကိုတကျော့ပြန်ရောက်ရှိသွားပါတော့တယ်။ ဖော်ထုတ်ရရှိမှုများအနေနဲ့ ၂ဝဝ၉ စက်တင်ဘာလ ၆ ရက်နေ့မှာ ဖုန်ကြားရှင်၏နေအိမ် စတိုးခန်းများအတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅)ဂါလံဝင်(၉)ပုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်(၁.၅)ဂါလံဝင် (၁၆)ပုံး၊ ဆာလဖြူရစ်အက်ဆစ်(၅)ဂါလံဝင် (၁၉)ပုံး၊ ဆိုဒီယမ် ဖော့စဖိတ်(၂၅)ကီလိုဂရမ် (၃)အိတ်တိုအား သိမ်းဆည်းရမိခဲ့သလို ဖုန်ကြားရှင်နေအိမ်အနီးမှာရှိတဲ့ လက်နက်စက်ရုံ အတွင်းမှလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်(၅)ဂါလံဝင်(၃)ပုံး၊ အက်စီတုံးအက်ဆစ်(၃)ဂါလံဝင်(၁)ပုံး၊ ဆာလဖြူရစ်အက်ဆစ် (၅)ဂါလံဝင်(၁၁)ပုံး၊ ဆာလဖြူရစ်အက်ဆစ်(၂)ဂါလံဝင်(၁)ပုံး၊ အက်ဆစ်ပျော့(၁ဝ)ဂါလံဝင် (၁)ပုံး၊ အေအေအက်ဆစ်(၅)ဂါလံဝင်(၃ဝ)ပုံး၊ ဆိုဒီယမ် အယ်လကာလီ(၅၂)ဂါလံဝင်(၉) ပေပါ တိုကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ၂ဝဝ၉ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဖုန်ကြားရှင်၏သားဖြစ်သူ (ယခုMNDAA အကြမ်းဖက်အဖွဲကို ဦးဆောင်နေသူ) ဖုန်တာရွှင်၏ နေအိမ်ခြံဝန်းအတွင်းမှ မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုတဲ့ ဓါတုဆေးရည်(၅)ဂါလံဝင် ပလပ်စတစ်ပုံး(၁ဝ)ပုံးအား ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။နောက်ထပ်လည်းဖုန်ကြားရှင်ရဲ့ ဆဌမမြောက်ညီ ဖုန်လူ၏နေအိမ်ခြံဝန်း ထဲက ဂိုဒေါင်ထဲမှာ မူးယစ်ဆေးဝါးချက်စက်ရုံလုပ်ထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အက်ဆစ်ပေပါမျိုးစုံ ရာနှင့်ချီကာ သိမ်းဆည်းရမိခဲ့ပြန်ပါသေးတယ်။

ယခုဖော်ပြခဲ့တဲ့နေရာတွေကတော့ ဖုန်ကြားရှင်တိုအဖွဲ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာများထဲက(၃)ခုသာ ဖော်ပြထားခြင်းဖြစ်ပြီး လောက်ကိုင်၊ ရန်လုံကျိုင်း၊ စီအော့၊ စီကော်လှံဒေသအတွင်း ၎င်းတိုအဖွဲ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စက်ရုံ(၂၈) ရုံ တွေ့ရှိခဲ့ပြီး တပ်မတော်မှ မူးယစ်ဆေးဝါးစက်ရုံအားလုံးကို ဖျက်ဆီးတိုက်ဖျက်ချေမှုန်းနိုင်ခဲ့ပါတယ်။ ( ဆက်လက်ဖော်ပြပါမည်)