၂၀၀၉ ခုနှစ် MNDAA မူးယစ်ဂိုဏ်းအား ဖြိုခွင်းခြင်း

MNDAA အဖွဲ့ဟာ နစကအစိုးရကို ၁၀၂၇ စစ်ဆင်ရေး အမည်တပ်ပြီး ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သလဲဆိုတော့ သမိုင်းကြောင်းတွေ ရှိပါတယ်။ အရင်းခံကတော့ ၂၀၀၉ ခုနှစ်(လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်) က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ ရန်လုံ ကျိုင်း၊ စီအော့၊ စီကော်လှံဒေသမှာရှိတဲ့ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ MNDAA ကိုးကန့် မူးယစ်ရာဇာဂိုဏ်းကို တပ်မတော်က ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ ရန်ကြွေးကို ပြန်ဆပ်ဖို့နဲ့ မူးယစ်ဆေးဝါးစက်ရုံတွေ တည်ဆောက်ဖို့ နယ်မြေရလိုမှုကြောင့်ပဲ ဖြစ်ပါတယ်။

အရှေ့မှာ မူးယစ်ဆေးဝါးဖျက်ဆီးနိုင်ခဲ့မှု ရေးသားပြီး ဖြစ်ပါတယ်။ အခုပို့စ်မှာ MNDAA အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့အကြောင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

(၂၈-၈-၂၀၀၉ ရက်နေ့)

MNDAA ကိုးကန့်သူပုန်များ အခြေပြုစခန်းချရာဖြစ်တဲ့ ကုန်းဆာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချေမှုန်းခဲ့ရာမှာတော့ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၉၂) လက်၊ ကျည်အိမ် (၅၀)ခု၊ ကျည်အိမ်အဝိုင်း (၁)ခု၊ လက်ပစ်ဗုံးအသေး (၄၀) လုံး၊ TNT အားမြှင့်ယမ်း (၂၀) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ တစ်နေ့တည်းမှာပဲ ရန်လုံကျိုင်းမှာရှိတဲ့ လက်နက်စက်ရုံကို ဆက်လက်ချီတက် ရှင်းလင်းတိုက်ခိုက်ရာ မှာတော့ လက်နက်မျိုးစုံ (၈၅)လက်၊ ကျည်မျိုးစုံ (၅၀၀) တောင့် ကျည်အိမ် (၂၀) ခုတို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။

(၂၉- ၈- ၂၀၀၉ ရက်နေ့)

စီအောရန်သူ့စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ (၇၁၀) လက်၊ ယမ်းဖာ (၁၃၉၇)ဖာ နဲ့ အခြားဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၃၀-၈-၂၀၀၉ ရက်နေ့)

ရန်သူထံမှ လက်နက်မျိုးစုံ (၃၅၆)လက်၊ ခဲယမ်းပုံး (၂၅၀) ပါ ဖောကားယာဉ် (ခဲယမ်းအပြည့်) (၂)စီး၊ မတ်တူးယာဉ်(ခဲယမ်းပါ) (၃) စီး၊ ယမ်းတိုက် (၁)လုံး (ခဲယမ်း၊ မိုင်း၊ ကျည် ကား (၆)စီးခန့်၊ တစ်ပါယာဉ် (တိုက်မိုင်း/နင်းမိုင်းပါ) (၁)စီးနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ပစ္စည်းမျိုးစုံကိုအရေ အတွက်၊ နေရာ၊ ရက်စွဲအတိအကျ ဖော်ပြနေရင် စာရှည်သွားမှာ စိုးတဲ့အတွက် များများစားစားရရှိတဲ့ အရေအတွက်ကိုသာဖော်ပြပေးပြီး နောက်မှာပဲ အကုန်စုစုပေါင်း အချုပ်ကို ဖော်ပြပေးပါမယ်။

(၁-၉-၂၀၀၉ ရက်နေ့)

လက်နက်မျိုးစုံ(၁၅၄) လက်၊ ကျည်(၁၁၆၀၄)တောင့်၊ ကျည်အိမ်(၁၃၆) အပါ အခြား အစ္စည်းမျိုးစုံတို့သိမ်းပိုက်ရရှိခဲ့ပါတယ်။

(၉-၉-၂၀၀၉ ရက်နေ့)

လက်နက်မျိုးစုံ (၄၂)လက်၊ ကျည်မျိုးစုံ (၂၆၈၀)တောင့်နှင့် အခြားပစ္စည်းမျိုးစုံကို သိမ်းပိုက် ရရှိခဲ့ပါတယ်။

နေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ရှင်းလင်း လာခဲ့ပြီး ၂၈-၈-၂၀၀၉ မှ ၂၉-၁၀-၂၀၀၉ ရက်နေ့အတွင်း မူးယစ်ရာဇာဂိုဏ်းကို ချေမှုန်းရှင်းလင်းရာမှာ သိမ်းပိုက်ရရှိတဲ့ အကျိုးအမြတ်စာရင်းအနှစ်ချုပ်ကတော့…..

  • ရန်သူ့အလောင်း (၄၉)လောင်း (လက်ဝယ်ရရှိ)
  • လက်နက်ကြီးမျိုးစုံ (၁၅) လက်
  • လက်နက်ငယ်မျိုးစုံ (၁၅၂၆)လက်
  • ခဲယမ်းမျိုးစုံ (၁၈၄၇ဝ၉၄)တောင့်
  • ဗုံးသီး/ဒုံးသီးမျိုးစုံ (၁၁၄ဝ)လုံး
  • မိုင်းမျိုးစုံ (၈၁၁၃)လုံး
  • XD-D2B မျိုးအစားဆသရစက်ကြီး (၂၅)လုံး
  • ဂျင်နရေတာ (၂) လုံး
  • အမြန်အားသွင်းစက် (၃) လုံး
  • ရန်သူ့အခိုင်အမာစခန်းကြီး (၅)စခန်း
  • လက်နက်စက်ရုံ (၁)ရုံ
  • ပစ္စတိုစက်ရုံ (၁)ရုံ
  • လက်ပစ်ဗုံးစက်ရုံ (၁)ရုံ
  • စီးကရက်စက်ရုံ (၁)ရုံ
  • ခဲယမ်းတိုက် (၂) လုံး
  • မော်တော်ယာဉ်မျိုးစုံ (၂၉)စီး
  • ဆန်အိတ် (၁၄ဝဝ)အိတ်

– စစ်ဝတ်ပစ္စည်းမျိုးစုံကာလတန်းဖိုး (၈၅၅၅၂၂ဝဝ)ကျပ်ခန့်

မူးယစ်ရာဇာဂိုဏ်းကိုချေမှုန်းတိုက်ခိုက်ချိန်မှာ အကြမ်းဖက်သမားတွေဟာ ရင်ဆိုင် တိုက်ခိုက်ခြင်းမရှိဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ကိုယ်လွတ် ရုန်းထွက်ပြေးခြင်း၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို ကြုံသလိုပစ်ထား ခဲ့ခြင်းတွေကိုလည်း တွေ့ရှိရပါတယ်။

ဒီတော့ တပ်မတော်က ပြည်ဖျက်၊ သာသနာဖျက် လူသားမျိုးနွယ်တွေကို ကောင်းကောင်းဒုက္ခပေးနေတဲ့ မူးယစ်ဂိုဏ်းသားတွေကို နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခြင်း မရှိရလေအောင်၊ ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းသွား လေမလားဆိုတာကိုတော့ ပိတ်ကားပေါ်မှာပဲ ဆက်လက်ရှုစား ကြပါလို့ပဲ ပြောရမှာပါပဲ။

KT