မတ်လ ၁၃ ရက် တိုက်ပွဲသတင်းများ

မတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်

ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ရွှေညောင်ပင်ရွာအနောက်မြောက်ဘက်သို့အရောက် KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က Drone ဖြင့် Drop Bomb ချခြင်း ၊ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာသဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ KIA/PDF အကြမ်းဖက်သမားများ သေဆုံးအလောင်းများနှင့် ဒဏ်ရာရသူများအား ဆွဲယူဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

KIA များ ဆုတ်ခွာသွားသည့် နေရာများအားနယ်မြေရှင်းလင်းခဲ့ရာ..

K-25 ၁ လက်၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဘီဇူကာဒုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။

-မြို့သစ်မြို့ တာဝါတိုင်ကုန်း၊ ဘုရားကုန်းနှင့် တာဆိုင်း နယ်မြေခံတပ်ရင်းများသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့များက ရှော့တိုက်ဒုံး၊ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် လေ ကြောင်း ပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

-လိုင်ဇာမြို့အား စိုးမိုးထိန်းချုပ်ထားသည့် ပွိုင့်-၇၇၁ စခန်းကုန်းသို့ နေရာ ၁၀ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ အကြမ်းဖက်သောင်းကျန်းသူများအား ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။

ကယားပြည်နယ်
ဘောလခဲမြို့နယ်အတွင်းရှိ ဝမ်မလန်းစခန်း၊ ဖားဆောင်းမြို့ နယ်မြေခံတပ်ရင်းများသို့ KNDF နှင့်အကြမ်းဖက် ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ရှမ်း(တောင်)
ဆီဆိုင်မြို့၊ မြွေတော်ဘုရားကုန်းသို့ ချီတက်ရှင်းလင်းစဉ် နေရာ ၃ နေရာမှ KNDF/PNLO နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြွေတော်ဘုရားကုန်းအား သိမ်းပိုက်ရရှိခဲ့။
အထိနာသွားသော KNDF အဖွဲ့များသည် ကယားပြည်နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် စီစဥ်လျက်ရှိကြောင်းသိရှိရ။

ဆီဆိုင်မြို့၊ ဆေးရုံဝန်ထမ်းအိမ်ရာအနီး PNO အသွင်ပြောင်းပြည်သူ့စစ်များ အခြေပြုနေသည့် ရဲစခန်းအနီးသို့ နေရာ ၂ နေရာမှ KNDF/PNLO နှင့် PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

တနင်္သာရီတိုင်း
မေတ္တာမြို့အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၄ နေရာမှ KNLA တပ်မဟာ ၆၊ ရင်း (၂၇) နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

ရခိုင်ပြည်နယ်
ရသေ့တောင်မြို့ နယ်မြေခံတပ်ရင်းများ၊ စခန်းကုန်းများအား AA သောင်းကျန်းသူအင်အား(၂၀၀) ဦးခန့်က စနိုက်ပါ ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။

စစ်ကိုင်းတိုင်း

ပင်လည်ဘူးမြို့ဝန်းကျင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၅ နေရာမှ KIA/PDF အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ပင်လည်ဘူးမြို့အား KIA/PDF အဖွဲ့များ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အင်အားထပ်မံဖြည့်တင်းပြီးထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ။

မန္တလေးတိုင်း

မြင်းခြံမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ပျိုးကန်ရွာ အရှေ့ဘက်သို့အရောက် PDF ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၂ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ဆိုင်ကယ် ဘတ္ထရီ ၂ လုံး သိမ်းဆည်းရမိခဲ့။

ပဲခူးတိုင်း

မင်းလှမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မင်းလှမြို့အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာသို့အရောက် PDF အကြမ်းဖက် ၁၀ ဦးခန့်က လက်လုပ်မိုင်း၊ ၄၀ မမ၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့။

၁၂ ဗို့ ၂ လက်၊ ၁၂ ဗို့သေနတ်ပြောင်း ၄ ခု၊ ကျည် ၁၈ တောင့်၊ သစ်သားသေနတ် ၂၃ လက်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့။