ဖာပွန်တပ်တွေကို သွေးတိုးစမ်းရင်း အတုံးအရုံးသေနေကြတဲ့ KNU

ဧပြီလ ၁၈ ရက်နေ့တွင် ဖာပွန်မြို့နယ်ရှိ တပ်ဌာနချုပ်တစ်ခုအား KNLA တမဟ ၅ အဖွဲ့မှ Drone ၁ စီးဖြင့် အဝေးမှ နှောင့်ယှက်တိုက်ခိုက်ခဲ့၍ တန်ပြန်ပစ်ခတ်ခဲ့ကြောင်း သိရှိရပြီး အလားတူ အဆိုပါနေ့ ညနေပိုင်းတွင်လည်း တပ်ဌာနချုပ်တစ်ခုအား KNLA/PDF အကြမ်းဖက် ၁၀၀ ခန့်က လာရောက်ပစ်ခတ်၍ လေကြောင်းပစ်ကူယူကာ ရန်သူအား ထိရောက်စွာ တွန်းလှန်ချေမှုန်းခဲ့ရာ ရန်သူသည် ဒဏ်ရာရရှိသူနှင့် အလောင်းများအား ကားများဖြင့် သယ်ထုတ်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။