ထိုင်းမှာ ဆင်က ဆင်ဦးစီးကို အစွယ်နဲ့ထိုးပြီး နင်းချေသတ်ခဲ့

ထိုင်းနိုင်ငံမြောက်ပိုင်း၊ တာ့ခ်ခရိုင်၊ မယ်တန်နယ်မြေ၊ မိုးကျေးရွာလမ်းဆုံမှာ ကရင်မျိုးနွယ်စုတွေပိုင်ဆိုင်တဲ့ ဖာတူလူလို့ခေါ်တဲ့ ဆင်အထီးတစ်‌ကောင်ဟာ သူ့ရဲ့ဆင်ဦးစီးကို ဆင်စွယ်နဲ့ ထိုးသတ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် ဆင်ဦးစီးဖြစ်တဲ့ ဖာ့ဖီဒူလက်ကစ်ခမ်ဖွန်ဟာ ခန္ဓာကိုယ်အနှံ့အပြား ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။