ကော့ကရိတ်တွင် KKO ခွဲထွက်+PDF ၃ ဉီးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

​ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် ​ကော့ကရိတ်မြို့နယ်၊ချောင်းတောင်ရွာအနီး ဘားအံ -ကော့ကရိတ် ကားလမ်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်တပ်ဖွဲ့အား အကြမ်းဖက် KKO ခွဲထွက်+PDF များ ပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
BGF အဖွဲ့မှ ခုခံပစ်ခတ်မှုနှင့် စစ်ကူရောက်ရှိမှုများကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးကြသည်။
ဆုတ်ခွာသော အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းရာ အကြမ်းဖက်သမား ၁ ဉီးအား အ​သေဖမ်းဆီးရမိခဲ့ပြီး ၃ ဉီးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး–
-Type 52 —၃ လက်၊

-M 22 —–၁ လက်

-ကျည်အိမ်–၃ ခု

စုစုပေါင်း သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။