တောင်ငူ – ကျောက်ကြီး – ရွှေကျင်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၄/၆)ရှိ တံတားအမှတ်(၁/၃၅)အား မိုင်းထောင်ဖောက်ခွဲ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၂၃၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာနှင့် ကညင်ကျကျေးရွာကြား၊ တောင်ငူ – ကျောက်ကြီး – ရွှေကျင်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၄/၆)ရှိ တံတားအမှတ်(၁/၃၅)၊ အရှည် ၁၅ ပေ၊ အကျယ် ၄၀ ပေရှိ RC ကွန်ကရစ်ပြွန်ပေါက်တံတား၊ ဒေသအခေါ်(တာပြင်း)တံတားအား အကြမ်းဖက် PDF အဖွဲ့ မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတား၏ ဝဲ/ယာတွင် အရှည် ၂ ပေ၊ အကျယ် ၃ ပေခန့် ပေါက်ပြဲပျက်စီးခဲ့ပါတယ်..
PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ အနောက်နိုင်ငံများရဲ့လက်ပါးစေဖြစ်တဲ့ အကြမ်းဖက် NUG အဖွဲ့ရဲ့ စေခိုင်းချက်အရ အေးချမ်းစွာ နေထိုင်နေကြတဲ့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ သတ်ဖြတ်မှုတွေ မိုင်းထောင်ဖောက်ခွဲမှုတွေ နေ့စဉ် ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။
PDF အမည်ခံ အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်လှုပ်ရှားမှု သတင်းများကို အမွှေစိန် channel မှ နေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။