တောင်ကိုရီးယားနိုင်ငံရှိ ဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့

တောင်ကိုရီးယား အရှေ့တောင်ပိုင်းရှိ ဆေးရုံတစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟက်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

     မြို့တော်ဆိုးလ် အရှေ့တောင်ဘက် ကီလိုမီ တာ ၂၀၀ ခန့်အကွာ ဂူမီဒေသရှိ ခြောက်ထပ်ဆေးရုံတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

      မီးလောင်မှုကြောင့် ဘေးလွတ်ရာသို့ ထွက် ပြေးလာသူ၉၁ ဦးအနက် ၃၈ ဦးသည် အသေးစားဒဏ်ရာများ ခံစားခဲ့ရပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ မီးသတ်အာဏာပိုင်များသည် ဆေးရုံအဆောက်အအုံအတွင်း ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း နောက်ထပ် ထိခိုက်သေ ဆုံးမှုမရှိကြောင်း အတည်ပြုခဲ့သည်။

      လက်ရှိတွင် တောင်ကိုရီးယားရဲတပ်ဖွဲ့ နှင့် မီးသတ်အာဏာပိုင်များသည် မီးလောင်ရသည့်အကြောင်းရင်းကို အတိအကျ သိရှိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN