ဗီယက်နမ်၌ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင်သတင်းမှားတင်ခြင်းကို ကန့်သတ်မည်ဖြစ်

ဗီယက်နမ်သည်ဆိုရှယ်မီဒီယာပလက်ဖောင်းရှိ “သတင်းမှားများ” နှင့် “နိုင်ငံတော်ဆန့်ကျင်ရေးသတင်း” မှားများအား ၂၄နာရီအတွင်းဖြုတ်ချရန်ကြိုးပမ်း နေကြပါတယ်။

ရိုက်တာသတင်းအရ နိုဝင်ဘာ ၄ရက် နေ့၌ ဗီယက်နမ်၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ငုယင်မန်ဟွန်းက ၄၈ နာရီအတွင်း “သတင်းမှားများဖြုတ်ချခြင်း”ကို ၂၄ နာရီအတွင်းသို လျှော့ချရန်နည်းပညာကုမ္ပဏီကြီးများအားကမ်းလှမ်းထားကြောင်း ပါလီမန်သို့လည်း တင်ပြခဲ့ပါတယ်။

“သတင်းမှား များကို နှေးကွေးစွာကိုင်တွယ်ပါကမြန်ဆန်စွာပြန့်နှံလိမ့်မည်”ဟု ဟွန်း ကပြောဆိုကာအဆိုပါအစီစဥ်ကိုအဆိုပြုခဲ့ခြင်းဖြစ်ပါတယ်။