သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးအားတက်သရောဆောင်ရွက်

မြို့နယ်အသီးသီးတို့၌ လည်းကောင်း၊ ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွား ရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

     ထို့ပြင် မန္တလေးမြို့ပေါ်ရှိ တာဝန်သိ လူငယ်၊ လူရွယ်များစုစည်း၍ မြို့ရွာ သန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ မနော်ဟရီလမ်းမှ ၄၄ လမ်းကြားနှင့် ၁၁၁ လမ်းတို့ထိ အမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာ ချောင်ချိမှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာကို ၁၀၀ ကျပ်ဖြင့် ဝယ်ယူ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။