မြန်မာမှာ မိုခါမုန်တိုင်းကြောင့်ကန်ဒေါ်လာ ၂.၂၄ ဘီလီယံ ထိခိုက်ဆုံးရှုံးမှုရှိခဲ့

ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ ရိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၄ ဘီလီယံ ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးနဲ့နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်မှာတော့ မိုချာကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းပျက်စီးထိခိုက်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသက ခရိုင် ၇ ခုနဲ့ မြို့နယ် ၁၇ မြို့နယ်မှာ လူဦးရေ ၁ ဒသမ ၂ သန်းခန့် ထိခိုက်ခဲ့ပြီး ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူတွေရဲ့ IDP စခန်းတွေလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ကာ လူအများအပြားလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(မြန်မာ့ပလက်‌ဖောင်း)