မင်္ဂလာရှိသော မနက်ခင်းပါ

ကိုယ်နှင့်စိတ်ကို ဂရုစိုက်ပါ

လူတစ်ယောက်မှာ
စိတ်ချမ်းသာဖို့ ကိုယ်ကျန်းမာဖို့ဟာ
အင်မတန်အရေးကြီးပါတယ် ။

ဘယ်လောက်တော်တော်
ကိုယ်မကျန်းမာရင် အသုံးမ၀င်ပါဘူး ။

ဘယ်လောက်ချမ်းသာ ချမ်းသာ
စိတ်မချမ်းသာရင် မပြည့်စုံနိုင်ပါဘူး ။

ငါချမ်းသာရမယ်ဆိုတဲ့လောဘစိတ်နဲ့
မအိပ် မစား မနား မနေ ကြိုးစားလိုက်လို့
ကျန်းမာရေး ထိခိုက်လာမယ်ဆိုရင်

မိမိရှာသမျှတွေဟာ
ရောဂါအတွက်ပဲဖြစ်သွားနိုင်ပါတယ် ။

အရှိချမ်းသာရဖို့ချည်းထဲ
ကိုယ်ခန္ဓာကို အသုံးမချလိုက်ပါနဲ့ ။

ကိုယ့်ကျန်းမာရေးအတွက်
နားချိန်တန်နား စားချိန်တန်စားပေးပါ ။

အခွင့်ရသလောက်လည်း
အသိချမ်းသာတွေနဲ့ စိတ်အေးချမ်းဖို့
ကိုယ့်ဘ၀ကို သီးသန့်အချိန်ပေးပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏