ဖားကန့်မြို့နယ်တိုက်ပွဲသတင်း

ဇွန်လ ၂၁  ရက်နေ့ ယနေ့ ကချင်ပြည်နယ် ဖားကန့်မြိုနယ် ဆိုင်းတောင်ကျေးရွာအနောက်မြောက်ဘက်၌ KIA နှင့် PDF များ အခြေပြုနေကြောင်း သတင်းအရ တပ်မတော်မှ သွားရောက်နယ်မြေ ရှင်းလင်းစဉ် ၎င်းနေရာအနီးသို့အရောက် KIA နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က လက်နက်များဖြင့် စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ၄၀ မမဗုံးသီးအခွံ ၁၂ လုံး၊ ကျည်ခွံမျိုးစုံ ၁၆  တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ထိပ်တုံး  ၁ ခု၊ လက်ထိပ် ၃ ခုနှင့် ဖုန်းမျိုးစုံ ၄ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်.။