ဇန်နဝါရီလ ၂၇ ရက်နေ့ လက်လုပ်မိုင်းပေါက်ကွဲမှု

-ဇန်နဝါရီလ ၂၆ ရက် ၂၀၀၀ နာရီတွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ သီရိရတနာလမ်းရှိ စစ်ကိုင်းခရိုင် မြန်မာ့အာမခံလုပ်ငန်း ရှေ့သို့ အကြမ်းဖက်သူ (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်အသံမိုင်း ၁ လုံးအား ပစ်ပေါက်ဖောက်ခွဲခဲ့ရာ ၎င်းလက်လုပ်အသံမိုင်းမှာ စစ်ကိုင်းခရိုင် မြန်မာ့အာမခံ လုပ်ငန်း၏ ရုံးအဝင်တံခါးပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအဝင် သံပန်းတံခါး မိုင်းစထိမှန်ချိုင့်ဝင်ပျက်စီး၊ ရုံးခန်းဝင်ပေါက်တံခါးမှန် မိုင်းစထိမှန်ပျက်စီး(ကာလတန်ဖိုး ၇၀,၀၀၀ ကျပ်ခန့်) ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။