မေလ (၉)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 ပဲခူးတိုင်း ညောင်လေးပင်မြို့အထွက် လယ်ပင်ဆိပ်တံတားအနီး အကြမ်းဖက် PDF ၂ဦးအား လက်နက်နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ။

🔸 ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာရှိနေအိမ်များကို KNU/PDF အကြမ်းဖက်အဖွဲ့များမှ မီးရှို့ဖျက်ဆီး။

🟢 ကချင်ပြည်နယ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအတွင်းသို့ KIA/PDFအဖွဲ့မှ လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လူနေအိမ်များ မီးလောင်ပျက်စီး။

🔸 မုံရွာမြို့နယ် မုံရွာ – အမြင့် လမ်းရှိ လ-ဝ-ကရုံးဟောင်းရှိ လုံခြုံရေးအဖွဲ့ကို PDFများမှ ပစ်ခတ်။

🟢 မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ကန်နယ်မြေရဲစခန်းကို လက်လုပ်စိန်ပြောင်းဖြင့် လာရောက်ပစ်ခတ်။

🔸 ဟားခါးမြို့နယ် ခွါပီးရွာအနီး အကြမ်းဖက်အခြေပြု နေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်။

🟢 အာဆီယံသံတမန်များ တိုက်ခိုက်ခံရမှုအပေါ် အင်ဒိုသမ္မတ ပြစ်တင်ရှုတ်ချ။

🔸 မေလ ၂၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထား။

🟢 ရေးမြို့နယ် ဝါပသဲကျေးရွာအနီးရှိ ကျားဖြူ ရေး PDF စခန်းအား တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်။

🔸 စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာအနီးတွင် PDF များနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦးအား ဖမ်းဆီးရမိ။

🟢 ပဲခူးတိုင်း ထန်းတပင်မြို့နယ် သမစိတ္တကျေးရွာအနီး ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိ။

🔸 စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သင်ပေါင်းကျေးရွာအနီး KIA/PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ။

🟢 မုံရွာမြို့နယ် ပုရစ်ကုန်းကျေးရွာနှင့် မြေနဲကျေးရွာ ကြားတွင် PDF များ ထောင်ထားသည့် မိုင်းများအား ဖော်ထုတ်ရှင်းလင်း။

🔸 အမရပူရမြို့နယ်ရှိ ဝန်ကြီးချုပ်ဟောင်းဦးဇော်မြင့်မောင်၏ ခယ်မ နေအိမ်ဝင်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွား။

🟢 မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာနေ အရပ်သား ၂ဦးကို အကြမ်းဖက် PDFများက ပစ်ခတ်သတ်ဖြတ်။

🔸 ဒက္ခိဏသီရိမြို့နယ် သုခဝတီပြည်သူ့အငှားအိမ်ရာ အိမ်ခန်းများကို ပြည်သူများ၊ လက်ရှိဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများကို ငှားရမ်းပေးမည်ဖြစ်ကြောင်း။

🟢 UN ၊ သံရုံးနှင့် INGO ဝန်ထမ်းများမှအပ ကျန်နိုင်ငံခြားသားများအား ရန်ကုန်- လားရှိး လေကြောင်းလိုင်းဖြင့် ခရီးသွားလာခွင့် တားမြစ်။

🔸 ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဦးဆောင်ကျင်းပသည့် ပထမအကြိမ် အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနေပြီဖြစ်။

🟢 အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ဖြစ်ပေါ်နေသည့် အရေးကိစ္စများအတွက် အိန္ဒိယက လေကြောင်းမှစောင့်ကြည့်။

🔸 ရေဦးမြိုနယ် ထန်းတောရွာရှိ အကြမ်းဖက် PDF များအား တပ်မတော်က လေကြောင်းမှ ဗုံးကြဲရှင်းလင်းတိုက်ခိုက်။

နိုင်ငံတကာသတင်းများ

🌍 ပီရူးနိုင်ငံရှိ ရွှေရှာဖွေသောမိုင်းတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၇)ဦးသေဆုံး။

🌍 အမေရိကန်နိုင်ငံ၌ အစုအပုံလိုက် သေနတ်ပစ်ခံရမှုကြောင့် ယခုနှစ် တစ်နှစ်လုံးအတွက် လူပေါင်း ၁၄ဝဝဝ ကျော် သေဆုံးရဖွယ်ရှိဟု အိမ်ဖြူတော်ပြောဆို။

🌍 ရုရှားနိုင်ငံ မော်စကိုမြို့တွင် Victory Day parade အခမ်းအနားကျင်းပပြုလုပ်။

🌍 တိုက်ပွဲအရှိန် ပိုမြင့်တက်လာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အီတလီနိုင်ငံသားများကို အမြန်ဆုံးထွက်ခွါရန် တိုက်တွန်းထားကြောင်း။