မြန်မာအမျိုးသမီး အသင်းက ၅ ဂိုး၁ ဂိုး ဖြင့် မလေးရှားအသင်းအား အနိုင်ရ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းအတွက် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မလေးရှားအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၅ ဂိုး – ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစားနိုင်ခဲ့ပြီး ဂိုးအရေအတွက် များများ သွင်းယူနိုင်ခဲ့သည်။ တဖက် မလေးရှားအသင်းကလည်း အသည်းအသန် ခုခံကာကွယ်ပြီး ခြေပဂိုးများ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအမျိုးသမီးအသင်းကို မည်သို့မျှ ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာအမျိုးသမီးအသင်းသည် ဖိလစ်ပိုင်အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

CRD;MNP