မတ္တရာမြို့နယ်တွင် တပ်မတော်သားများ တိုက်ခိုက်ခံရ၍ ၇ဦး သေဆုံးတယ်လို့ သတင်းအမှားရေးသား

မတ်လ ၆ ရက်နေ့ မတ္တရာမြိုနယ်၊ ကျွဲကျကျေးရွာကို အင်အား ၃၂ ဦး ခန့်ရှိသော တပ်မတော်က ဝင်ရောက်စီးနင်းခဲ့ပြီး အထိုင်ချတပ်စွဲခဲ့ကြောင်း၊ မတ်လ ၇ ရက် နေ့ နံနက် ၈ နာရီအချိန် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ PDF တပ်များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား
၇ဦးသေဆုံးခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၇ ရက်နေ့မှာ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးတာမရှိဘဲ ခေတ္တအခြေပြုရာ နေရာအား PDF များမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ ထိခိုက်မှုမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit Media မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်သားများမှ ရွာကိုမီးရှိတယ်ဆိုပြီးဇာတ်နာအောင်ရေးကာ ၇ ဦး သေဆုံးတယ်ဆိုတာလည်း လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm