မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺အမုန်းတွေနဲ့ အချိန်မဖြုန်းပါနဲ့.🌺

မေတ္တာစွမ်းအားကြီးတဲ့အခါ
အရာရာသနားတတ်လာပြီး
ကိုယ်ချင်းစာစိတ်တွေများလာမယ်။

သည်းခံနိုင်မှု
စွမ်းအားကြီးတဲ့အခါ
ဘယ်နေရာရောက်ရောက်
ဘယ်သူနဲ့ပေါင်းပေါင်း အဆင်ပြေ
လာမယ်။

နားလည်ပေးနိုင်မှု
စွမ်းအားကြီးတဲ့အခါ
ဘယ်သူ့ကိုမှ အပြစ်မမြင်တော့ဘဲ
ဖြည့်တွေးပေးတတ်လာလိမ့်မယ်။

ခွင့်လွှတ်နိုင်မှု
စွမ်းအားကြီးတဲ့အခါ
မိတ်ကောင်းမြဲပြီး ရန်သူနည်းလာ
လိမ့်မယ်။

ကိုယ့်ကိုကိုယ်
တကယ်ချစ်တတ်လာတဲ့အခါ
အချိန်ကို အကျိုးရှိအောင်
အသုံးချပြီး
အကုသိုလ်တွေရှောင်တတ်လာမယ်။

ဒါ့ကြောင့်..
မေတ္တာပို့ပါ။
မေတ္တာနဲ့ပေါင်းပါ။
သည်းခံစိတ်မွေးပါ။
နားလည်ပေးတတ်ပါစေ
ဖြည့်တွေးပေးတတ်ပါစေ
ခွင့်လွှတ်တတ်ပါစေ
ကိုယ့်ကိုကိုယ် တကယ်ချစ်တတ်ပါစေ

ပြုံးပါ
အပြစ်ကင်းတဲ့ပျော်စရာတွေနဲ့
အကျိုးရှိစွာ ဖြတ်သန်းပါ။

အမုန်းတွေနဲ့ အချိန်မဖြုန်းပါနဲ့
လူ့ဘဝ အလွန်ရခဲပြီး
အလွန်လည်း တိုတောင်းလို့ပါ.။

အေးချမ်းသောဘဝကို ပိုင်ဆိုင်နိုင်ကြ
ပါစေ။

အရှင်နန္ဒိယ( သာကီနွယ် )