အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးထံမှ ဩဝါဒကို နာယူသည်။အဲဒီနောက် အင်းလေးဒေသမှ ထွက်ကုန်ပစ္စည်းများအား အရည်အသွေးပိုမိုကောင်းမွန်စွာ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်သွားရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုဖြစ်စေရေး စီမံဆောင်ရွက် ပေးရန်နှင့် လာမည့်နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အင်းလေးဒေသသို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်နိုင်ရေး တာဝန် ရှိသူများကို မှာကြားခဲ့တဘ်လို့သိရပါတယ်။