ရေကြောင်းနှင့် လေကြောင်းလူငယ်စခန်းတို့မှ သင်တန်း သား/သူများနှင့် နည်းပြများအား ဂုဏ်ပြုညစာ စားပွဲဖြင့်ဧည့်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းနှင့် လေကြောင်းလူငယ်စခန်းတို့တွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၏ သင်တန်းကာလအတွင်း ဂုဏ်ပြုညစာ စားပွဲကို ဧပြီ ၂၉ ရက် ညပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

  သင်တန်းအလိုက် သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြ၍ ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြပြီး သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့်အတူ ဂုဏ်ပြု ညစာ အတူတကွသုံးဆောင်ခဲ့ကြတယ်လို့သိရပါတယ်။