ခန္တီးမြို့၊ အင်းတော်ရွာရှိ သံဃာတော်များနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ အင်းတော်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၂၆ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။