ချမှတ်ထားသော ယာဉ်စည်းကမ်းများ မလိုက်နာရင် အရေးယူမည်

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာဉ်တိုက်မှုနှင့်သေဆုံး၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်း စေရေးအတွက် Quick Win အစီ အမံ(၅)ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ စက်တင်ဘာလ(၁)ရက်မှ စတင်ကာ Quick Win အစီအမံ ငါးရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် အသက်ကယ် ထိုင်ခုံခါးပတ် အသုံးမပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ မူးယစ်သောက်စားမောင်းနှင်ပါက ဒဏ်ငွေကျပ် တစ်သိန်း၊ သတ်မှတ်ထားသောအရှိန်ထက် ကျော်လွန်မောင်းနှင်ပါက ဒဏ်ငွေ ကျပ်တစ်သိန်း ချမှတ်သွားမည် ဖြစ် ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သိရသည်။

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီသည် ယာဉ်တိုက်မှုနှင့် သေဆုံး၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက်

(၁) မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသောဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး၊

(၂) မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး၊

(၃) အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊

(၄) မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်စေရေး၊

(၅) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပို၍မောင်းနှင်မှုမရှိစေရေး ယာဉ်မောင်းသူများ သိရှိလိုက်နာစေရေး Quick Win အစီအမံ ငါးရပ်ကို ဇူလိုင် (၁၇)ရက်မှ ဩဂုတ်(၃၁) ရက်ထိ ပညာပေးကာလ သတ်မှတ်ထားခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါတယ်။