ချင်းတောင်တန်းအလေ့အထ အမျိုးသမီးမျက်နှာတွင်”ပရဲ”ထိုးခြင်း

လှပတဲ့ချင်းမိန်းမပျိုလေးမျက်နာကို “ ပရဲ ” ခေါ်တဲ့ပင့်ကူမျှင်တာတူးဆေးမင်ကြောင်ကိုသူ့မိဘကသမီးကညာအရွယ်ရောက်ရင်ထိုးပေးတဲ့အစဉ်အလာချင်း‌တောင်တန်းမှာထွန်းကားခဲ့ဖူးတယ်။ ” ပရဲ ” ပုံစံအမျိုးမျိုးရှိပြီးဒေသအလိုက်ဒီဇိုင်းကွဲပြားတယ်။

ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ဂုဏ်သိက္ခာအရအရင်‌ခေတ်ချင်းမိန်းမပျိုများ ” ပရဲ ” ထိုးခဲ့ကြတယ်။ဒါ့အပြင်ပိုက်ဆံရှိဩဇာအာဏာရှိယောင်္ကျားရဲ့အတင်းအဓမ္မအငယ်အနှောင်းထားမှာကိုကြိုတင်ကာကွယ်တဲ့အနေနဲ့သမီးမိန်းမပျိုလေးမျက်နာရုပ်ပျက်စေမယ့် “ ပရဲ ” ကိုမိဘကိုယ်တိုင်ခွင့်ပြုပြီးထိုးခဲ့ကြတယ်။

ချင်းပြည်နယ်မြောက်ပိုင်းထက်စာရင်တောင်ပိုင်းမှာ ” ပရဲ ” ထိုးအလေ့အထပိုထွန်းကားခဲ့တယ်။ရခိုင်ပြည်နယ်‌ မြောက်ဦးမှာလည်း ” ပရဲ ” ထိုးဓလေ့ရှိခဲ့ကြတယ်။ပရဲထိုးထားတဲ့ချင်းအမျိုးသမီးကြီးအများစုဗမာစကားမပြောတတ်ခဲ့ကြပါ။မျိုးဆက်သစ်ချင်းမိန်းမပျိုလေးများ ” ပရဲ ” မထိုးကြတော့လိုအရွယ်ရောက်မိန်းမပျို ” ပရဲ ” ထိုးရှေးဟောင်းအလေ့အထချင်းတောင်တန်းမှာပျောက်ကွယ်သွားခဲ့ပါပြီ။