ကန့်ဘလူမြို့နယ်ရှိ ဘုန်းကြီးကျောင်းအတွင်းမှ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့များသည် ကန့်ဘလူမြို့နယ်၊ ဖလုံချိုင်ကျေးရွာအနီး အကျွတ်အလွတ် ဘုန်းကြီး ကျောင်းအား ဝင်ရောက်ရှင်းလင်းခဲ့ရာ လက်လုပ်၁၂ ဗို့သေနတ် ၃ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ်ခါးချိုး ၄၀ မမ သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လက်၊ အမ်-၂၂ ကျည် ၁၁၆ တောင့်၊ ၅.၅၆မမကျည် ၁၄၅ တောင့်၊ ကာဘိုင်ကျည် ၁၅ တောင့်၊ ၁၂ ဗို့ကျည် ၁၀တောင့်၊ S/Nအမျိုးအစားစနိုက်ပါကျည် ၂၀ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ ဒရုန်းဘက္ထရီပတ် ၁ ခု၊ ကီးပတ်ဖုန်း ၃ လုံး၊ အိုင်ကွန် ၈ လုံးနှင့် အားသွင်းခုံ ၇ ခု၊ မှန်ပြောင်း ၁ ခု၊ ပြောက်ကျားယူနီဖောင်း ၁ စုံနှင့် လက်မောင်းတံဆိပ် ၄ ခု တို့အား သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရပါတယ်။