ကျောက်မြောင်းမြို့နယ်ခွဲတွင် PDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၂၅ရက် ၂ နာရီခွဲခန့်တွင် ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲ ခရိုင်ချင်းဆက်လမ်းအနီးတွင်
လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့၍ လုံခြုံရေး
ပူးပေါင်းအဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များမှာ အထိနာလျက် ဒဏ်ရာများစွာဖြင့်ထွက်ပြေးခဲ့ပြီး လုံခြုံရေး
ပူးပေါင်းအဖွဲများမှ လိုက်လံရှင်းလင်းခဲ့ရာ PDF အလောင်း ၁လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း
၃ လုံး၊ ဘတ္တရီအိုး ၁ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။