ပြင်ဦးလွင်ပွဲကောက်ရေတံခွန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ပြင်ဦးလွင် ပွဲကောက်ရေတံခွန်တွင် အမျိုးသား တစ်ဦး ရေနစ်
သေဆုံးခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းကပြောပါတယ်။
ပြင်ဦးလွင် ပန်းပွဲတော်သို့လာရောက်သော မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းက လာရောက် လည်ပတ်သည့်
အသက် ၁၅ နှစ်အရွယ်ခန့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိုးသားငယ် ၂ ဦးတို့ ပွဲကောက်ရေတံခွန်တွင်
ရေကစားရာက ရေနစ်မြုပ်ကြရာ နှစ်ဦး အသက်ရှင်ကာ တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ အသင်းကားဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့လည်း
ပြောပါတယ်။