ခရမ်းချဉ်ပင်ကို မိမိတို့အိမ်မှာ စားသုံးဖို့အတွက် ဇောက်ထိုးစိုက်နည်း

ဒီစနစ်ရဲ့အားသာချက်က အပင်အမြစ်ကို ပြောင်းပြန် ပြန်တတ်စေတာပဲ။
တကယ်ကို ဗျုဟာမြောက်တဲ့ စိုက်နည်းစနစ်တခု လို့ပြောပါရစေ။
ပုံမှန်မြေချ အတည့်စိုက်ရင် ခရမ်းချဉ် အမြစ်တွေ မြေအောက်ဆင်းသွားမယ် ဒီလိုဆင်းသွားရင် ရေနှင့်အစာ
အပင်ရဲ့အမြစ်ကို ထိရောက်အောင် ကျွေးနိူင်ဖို့ အပင်စားသောက်နိူင်ဖို့ အနည်းငယ် အခက်အခဲရှိတတ်ပါတယ်။
ခရမ်းချဉ်ပင်မှာ အကြောက်ရဆုံးက ခရမ်းချဉ်ပင်ညှိုးရောဂါ ဖြစ်ပါတယ်။
မြေအောက် အမြစ်ကနေပင်စည်ကို ဝင်ရောက်တဲ့အခါ ရက်ပိုင်းအတွင်း တပင်လုံးညိုးပြီး သေမြန်ပါတယ်။


ပုံပါ စနစ်က (၂) မျိုးးစား နည်းစနစ်ပါ.
အပေါ်မှာ..ရက်ပိုင်း သီးပင်စားပင်လေးတွေစိုက်နိူင်တယ်..
အောက်မှာတော့ ခရမ်းချဉ်စိုက်မယ်..။
ဒီစနစ်မှာ စောစောက ပြောတ့ဲ ရောဂါ ကို ကြိုတင်ကာကွယ်လို့ အရမ်းလွယ်ကူတယ်။
မစိုက်ခင် မြေသြဇာစပ်တဲ အခါ..မြေတွင်းပိုးသတ်ဆေး..အခဲ လေးတွေ
မပေါက်ထုံး အညံ့စား ရောစပ် ကာကွယ်ထားနိူင်တယ်..
အပင်စိုက်ပြီး..ရက် ခြား မြေတွင်းပိုးသတ်ဆေး အခဲလေးတွေ..ထည့်ပြီးကာကွယ်နိူင်တယ် ပမာန အများကြီး
သုံးစရာမလိုတာကြောင့် ကုန်ကျစရိတ်လဲ သတ်သာမှာလဲ ဖြစ်ပါတယ်..
မြေချ စိုက်ပျိုးတဲ့အခါ ကျယ်ပြန့်တဲ စိုက်ခင်း ကျယ်ပြန့်တဲ့ မြေမှာ ခရမ်းချဉ်မြစ်တွေက အတားအဆီးမရှိ မြေတွင်း
၌ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်နေခြင်းကြောင့် မြေတွင်းပိုးအန္တာရယ် အရမ်းကြောက်ရတယ်။
ကာကွယ်ဖို့ မြေတွင်းပိုးသတ်ဆေး သုံးမယ်ဆိုရင်လဲ ပမာန အများကြီးသုံးသော်လဲ ထိရောက်မူ မရှိဖြစ်တတ်ပါတယ်။
ဒီ စိုက်နည်းစနစ်မွာ..အပင်ကို ရောဂါ ၉၅% မသက်ရောက်နိူင်တာကို အာမခံချက်ပေးနိူင်ပါတယ်..
မိမိတို့ စိုက်ပျိုးလိုတဲ့ ခရမ်းချဉ်မျိုး အကြီးအသေးပေါ်မူတည်ပြီး..
စိုက်ဖို့ ပြုလုပ်တဲ..ပုံး.ရေသန့် ဘူးကြီး.ဒါတွေကိုလဲ အကြီးအသေးချိန်ဖို့လိုပါတယ်..
ဒါဆိုရင်တော့ အိမ်မှာစိုက်ကြည့်ပြီး လက်တွေ့ အဆင်ပြေမပြေ လုပ်ကြည့်စေချင်ပါတယ်နော်…
နေရာလည်းမစား၊ အချိန်ကုန်လည်းသက်သာ၊ ငွေကုန်ကြေးကျလည်းမများတဲ့ စိုက်နည်းစနစ်လေးပဲဖြစ်ပါတယ်၊