လောင်းလုံးမြို့နယ် လဝကရုံးကို PDF များ ဝင်ရောက်ပစ်ခတ်သဖြင့် ဒုလဝကမှူး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ မြို့နယ်လဝကရုံးကို PDF အကြမ်းဖက်သမားများက မေလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒုလဝကမှူး ဦးမင်းသိန်းလတ်တွင် ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါတယ်။