ဇန်နဝါရီလ ၁၀ ရက်နေ့တိုက်ပွဲသတင်းများ

(၁) ည ၇ နာရီချိန်ခန့်က ကချင်ပြည်နယ်၊ မိုးမိတ်မြို့အနီးတွင် လုံခြုံရေးစစ်ကြောင်းနှင့် TNLA သကသ ၂၀၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

(၂) မနက် ၁၀ နာရီချိန်ခန့်က ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့ရှိ တပ်စခန်းနေရာသို့ KIA သကသ ၅၀ ဦး ခန့်တို့သည် လက်နက်ကြီး/ငယ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန်လှည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၃) နေ့လည် ၁၁ နာရီချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ပလက်ဝတပ်စခန်းသို့ AA သကသ ၁၀၀၀ ခန့်သည် အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

(၄) မနက် ၁ နာရီချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျိန်းတောင်စခန်းသို့ AA သကသ ၂၅၀ ဦးခန့် သည် လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့၊ အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် မင်းပြားမြို့နယ်၊ တာဝါတိုင်ကုန်းစခန်းအား AA ၁၀၀ ဦးခန့်သည် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ရန်သူသည် မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း (AA အလောင်း ၃ လောင်း၊ သေနတ်မျိုးစုံ ၃ လက် သိမ်းဆည်းရမိ၊ မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

(၅) မနက် ၉ နာရီချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်မဲလေးရွာအနီးတွင် နယ်မြေ ရှင်းလင်းနေသော စစ်ကြောင်းနှင့် TNLA သကသ ၁၀၀ ဦးခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။