လပခမှာ PDF ၁၀ ဦး အလင်းပြန်ဝင်လာ

ဩဂုတ်လ ၁၁ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးမှာ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDF ၁၀ ဦး ဥပဒေဘောင်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံခဲ့တဲ့အချိန်မှာ ဒေါ်စုရဲ့ အကြမ်းဖက်မှုကို အားမပေးသလို မထောက်ခံဘူးဆိုတဲ့ သဘောထားအမှန်ကိုကြားသိရပြီးတဲ့နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးထဲမှာရောက်ရှိနေတဲ့ လူငယ်အချို့ဟာ အမြင်မှန်ရပြီး ဥပဒေဘောင်ထဲကိုပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။ နောက်ထပ်အလင်းဝင်မယ့်သူတွေလည်းအများကြီးရှိနေသေးကြောင်းသိရပါတယ်။