စပါးခွံလောင်စာသုံး Gasifier များ အကူအညီဖြင့် စက်များ အချိန်ပြည့်လည်ပတ်နိုင်

“စပါးခွံလောင်စာသုံး Gasifier များ အကူအညီဖြင့် စက်များ အချိန်ပြည့်လည်ပတ်နိုင်ခြင်းကြောင့် ဈေးကွက်၏လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်သဖြင့် ဈေးကွက်ခိုင်မာမှုရှိကြောင်း စက်မှုဝန်ကြီးပြော”

“Gasifier များ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအတွက် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို ဝန်ကြီးဌာနများ စုပေါင်း၍ သတ်မှတ်ပြုစုရေးဆွဲပေးမည်ဟုဆို”

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြိုရှိ စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ရဲထွန်းဆန်စက်နှင့် ဆီစက်တိုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။