တပ်မတော်အထူးကယ်ဆယ်ရေးအဖွဲ့ ရခိုင်ပြည်နယ်သို့ရောက်ရှိပြီ

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကြိုတင်စီမံညွှန်ကြားထားတဲ့ မိုခါမုန်တိုင်းကူညီကယ်ဆယ်ရေး အရာရှိကြီးဦးစီး တပ်မတော်အထူးကယ်ဆယ်ရေးအဖွဲ့(၉) သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ပေးရန် မနေ့ည ၁၁ နာရီက ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ယနေ့ မေလ ၁၈ ရက်တွင် တယ်လီဖုန်းလိုင်းပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ၏စားဝတ်နေရေး ကျန်းမာရေးအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။