မာရဝိဇယစကျင် ရုပ်ပွားတော်ကြီးအားOnline မှ ဖူးမြော်နိုင်ပါပြီ

ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကမ္ဘာ့အကြီးမားဆုံးဖြစ်သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် ဖူးတွေ့နိုင်ပါတယ်။

ကျောက်တုံးတော်ကြီးကို သယ်ယူရာတွင်လည်ကောင်း၊ ရုပ်ထုတော် တည်ဆောက်ရာတွင်လည်းကောင်း ခေတ်မီပစ္စည်းကိရိယာများ၊ မြန်မာ့မှု၊ မြန်မာဟန်များကို ပေါင်းစပ်အသုံးပြုကာ လုပ်ဆောင်ခဲ့ကြသည့် မြန်မာ့တပ်မတော်သား အင်ဂျင်နီယာများနှင့် အရပ်သားအင်ဂျင်နီယာများ စွမ်းပကားကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ပိဋကတ်သုံးပုံလာ တရားတော်များကို ရှည်ကြာစွာတည်တံ့စေရန် ခေတ်မီစက်ကြီးများ အသုံးပြုကာ ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ကျောက်ထက်အက္ခရာတင်၍ ရေးထိုးထားသည့် ကျောက်စာ နှစ် ချပ်ပါ ကျောက်စာရုံစေတီတော်များရှိ မြန်မာတို့၏ လေးစားဖွယ် အင်ဂျင်နီယာပညာရပ်နှင့် ဗိသုကာပညာရပ်တို့ကိုလည်း အံ့မခန်းတွေ့မြင်ရမှာဖြစ်ပါတယ်။

လူကိုယ်တိုင် လာမဖူးနိုင်သော မိဘပြည်သူများအတွက် Online မှ တစ်ဆင့်ဖူးမြော်နိုင်ရန် https://www.facebook.com/Maravijaya facebook page ထောင်ထားပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။