မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့

ချစ်ခံနေရတဲ့အချိန်မှာတော့
စိတ်ဆိုးတာလေးကအစ
ချစ်စရာလေးဆိုပြီးပြောကြတယ် ။

မုန်းလာပြီဆိုပြန်တော့
ဘယ်လောက်ကောင်းအောင်လုပ်လုပ်
အပြစ်တွေပဲ လိုက်မြင်နေတယ် ။

အပြောင်းလဲမြန်တဲ့စိတ်ဟာ
အံ့ဩစရာလည်းကောင်းသလို
သံဝေဂယူစရာလည်းကောင်းပါတယ် ။

အမြဲတမ်းချစ်ခံရမယ်လို့လည်း
မျှော်လင့်ထားလို့မရနိုင်သလို

အကောင်းမြင်ခံရမယ်လို့လည်း
အမြဲတမ်းတွက်ထားလို့မရပါဘူး ။

ဖြစ်ချိန်တန်ရင် ဖြစ်လာပြီး
ပျက်ချိန်တန်ရင်ပျက်သွားမှာဖြစ်လို့

ချစ်တာမုန်းတာကိုဘ၀လုပ်ပြီး
လိုက်ခံစားနေခြင်းဟာ
ကိုယ့်ကိုယ်ကို နှိပ်စက်နေခြင်းပါပဲ ။

မချစ်တော့ သောကမဖြစ်ရဘူး
မမုန်းတော့ မပင်ပန်းရတော့ဘူးလို့
နှလုံးသွင်းနိုင်ရင် အေးချမ်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏