အာရပ်ကလပ်ချန်ပီယံဖလား ဆီမီးဖိုင်နယ်ရောက်


၃၈ နှစ်အရွယ် အယ်လ်နာဆာ အသင်းခေါင်းဆောင်တိုက်စစ်မှူး စီရော်နယ်ဒိုက သူတို့အသင်း အာရပ်ကလပ်ချန်ပီယံဖလား ဆီမီးဖိုင်နယ် ရောက်သွားပြီလို့ ကြုံးဝါးခဲ့ပါတယ်။ အယ်လ်နာဆာဟာ ကွာတားအဆင့်မှာ မော်ရိုကိုကလပ် Raja CA နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး ၃-၁ နဲ့ အနိုင်ရခဲ့တာပါ။

” ဆီမီးဖိုင်နယ်ကို ရောက်သွားပြီ။ ဂိုးတွေဆထပ်သွင်းပြီး အသင်းကို ပြိုင်ပွဲမှာရှေ့ဆက်ဖို ကူညီပေးနိုင်ခဲ့တာကြောင့် ဝမ်းသာပါတယ်” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။